ကျောက်ဖြူပညာရေးဒီဂရီကောလိပ်

လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း၊ (PPTT) အမှတ်စဉ်(၇/၂၀)ဖွင့်လှစ်နိုင်ရေးကြိုတင်စီစဉ်ထားမှုများ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန(ဆရာအတတ်ပညာဌာနခွဲ) အောက်ရှိ ပညာရေးကောလိပ်များသည် အခြေခံပညာအတွက် လိုအပ်သော ဆရာဆရာမများကို နှစ်စဉ် မွေးထုတ်လျက်ရှိရာ ယခုနှစ်တွင် Covid-19 ကပ်ရောဂါအခြေအနေကြောင့် သင်တန်းများ ကို ပုံမှန်အတိုင်းဖွင့်လှစ်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်၊၊ သို့သော် လိုအပ်လျက်ရှိသော ဆရာဆရာမများခန့်ထားနိုင်ရေး၊ အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးသည်လည်း အလွန်အရေးပါလျက်ရှိရာ ဆရာအတတ်ပညာရှင်များ မွေးထုတ်နိုင်ရန် အစီအစဉ်မျိုးစုံဖြင့် စီစဉ်လျက် ရှိသည်၊၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး၊ ကျေးလက်မြို့ပြမကျန် ချန်လှပ်မှုမရှိ သာတူညီမျှမှု(Equity) များရရှိအောင် ဆောင်ရွက်လျက်ရှိသည်၊၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း(PPTT)အမှတ်စဉ်(၇/၂၀)ကို ဖွင့်လှစ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ နည်းလမ်း(၃)သွယ်ဖြင့် သင်ယူခွင့်ရရှိအောင် စီစဉ်လျက်ရှိသည်၊၊

နည်းလမ်း(၁) တိုက်ရိုက်သင်ခန်းစာသင်ကြားမှုကြည့်ရှုခြင်း(Live Lecture)

ရန်ကင်းပညာရေးကောလိပ်မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည့် သင်ခန်းစာပို့ချချက်များကို ကျောက်ဖြူပညာရေးကောလိပ်တွင် Social distancing အနေအထား၊ ရခိုင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးအနေအထားတို့ကြောင့် သင်တန်းသား (၃၀) ဦး ခန့် ကြည့်ရှုနိုင်ရန် Projector ဖြင့်ဖမ်းယူပြသကြည့်ရှုခြင်း၊

နည်းလမ်း(၂) MDEP (Myanmar Digital Education Platform) သို့ဝင်ရောက်၍ ကြည့်ရှုခြင်း

ပညာရေးကောလိပ်နှင့် ဝေးကွာပြီး အင်တာနက်အသုံးပြုမှု အဆင်ပြေသောဒေသများမှ သင်တန်းသား/သူများအနေဖြင့် MDEP သို့ဝင်ရောက်၍ Video သင်ခန်းစာများကြည့်ရှုခြင်း၊ လေ့ကျင့်ခန်းများ၊ လုပ်ငန်းများ၊ ကို ပြုလုပ်ခြင်း၊ (MDEP) သို့ဝင်ရောက်ကြည့်ရှုရာတွင် အင်တာနက်ဖိုး ကုန်ကျမှုမရှိဘဲ Zero Data ဖြင့်ဝင်ရောက်ကြည့်ရှုနိုင်ခြင်း၊

http://mdep.moe.edu.mm/index.html?fbclid=IwAR0xu3G3ZMwgIBuV0gzmhOosLsxHmEuEwODBO8yHmCIpdSQhZCa5zLlTclE

နည်းလမ်း(၃)DHE Memory Stick ဖြင့် ဖုန်း(သို့မဟုတ်) Laptop ဖြင့်ကြည့်ရှုခြင်း

အင်တာနက်အသုံးပြုရန် အဆင်မပြေသောဒေသများမှ သင်တန်းသား/သူများအတွက် DHE Memory Stick ဖြင့် ထုတ်လွှင့်ပြီးသော Video သင်ခန်းစာများကို မိမိဒေသတွင် ဖုန်း(သို့မဟုတ်) ကွန်ပျုတာဖြင့် ကြည့်ရှုခြင်း၊လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊

မှတ်ချက်၊၊ နည်းလမ်း(၁)ဖြင့်တက်ရောက်မည့်သူများအနေဖြင့် သင်ခန်းစာထုတ်လွှင့်ချိန်အမီ ကျောက်ဖြူပညာရေးကောလိပ်သို့ Social Distancing သတ်မှတ်ချက်များနှင့်အညီ နေ့စဉ်လာရောက်ရမည်ဖြစ်ပြီး၊ အစားအသောက်ကို မိမိအစီအစဉ်ဖြင့်သာ စီစဉ်ဆောင်ရွက်ရမည်ဖြစ်သည်၊၊ တက်ရောက်လိုသူများပြားပါက အုပ်စုခွဲ၍ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး သင်တန်းဖွင့်မည့်ရက်၊ အချိန် တို့ကို တိကျသေချာပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပြီး မရှင်းလင်းသည်များကို ရုံးချိန်အတွင်း Website တွင်ဖော်ပြပါဖုန်းများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်၊၊

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်