ငွေရောင်သဲဖြူလွှလွှပေါ်တွင် မြန်မာနိုင်ငံ၏ အကြီးဆုံးဖြစ်သောတစ်ခုတည်းသော ပင်လယ် ရေနက်ဆိပ်ကမ်းကြီးနှင့် ရခိုင်ပြည်နယ်၏ တစ်ခုတည်းသော ပညာရေးဒီဂရီကောလိပ် ကျောင်းတော်ကြီး တည်ရှိရာ ကျောက်ဖြူမြို့မှ လှိုက်လှဲစွာ ကြိုဆိုလိုက်ပါ၏။
မြန်မာနိုင်ငံသားများ၏ ပညာရေးနှင့် ရခိုင်ပြည်နယ်သူပြည်နယ်သားများ၏ ပညာရေးအဆင့် မြင့်မား လာစေရေးအတွက် ကျွန်ုပ်တို့ပညာရေးဒီဂရီကောလိပ်မှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားရန် သန္နိဌာန်ချ ထားပါသည်၊၊
ဆရာအတတ်ပညာရပ်များ၊ ပညာသင်ကြားပို့ချရေးနည်းပညာများနှင့် ဘာသာရပ်ဆိုင်ရာ အသိပညာများကို သင်တန်းသားများ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရေးအတွက်လည်း ရည်မှန်း ထားပါသည်၊၊ ထို့အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပညာရေးတိုးတက်မြင့်မား လာစေရန်အတွက် ပြည်သူပြည်သားများ ဗဟုသုတကျယ်ဝန်းလာစေရေးအတွက်ပါ ရည်မှန်း ထားပါသည်၊၊
အမေရိကန် ပညာရေးပါရဂူကြီး ဂျွန်ဒျုဝီ (John Dewey) က ” မည်သည့်နိုင်ငံမျှ ထိုနိုင်ငံ၏ ဆရာများ၏ ပညာအရည်အချင်းထက် ပိုမိုမြင့်မား မလာနိုင်ပါ” ဟု ဆိုခဲ့သောကြောင့် ကျုန်ုပ်တို့ ကျောင်းတော်ကြီးမှ ဆရာအတတ်ပညာအရည်အသွေးမြင့်မားသော ဆရာကောင်းဆရာမွန်များ ပေါ်ထွန်း လာအောင်စွမ်းဆောင်လျက် မြန်မာ့ပညာရေးအဆင့်မြင့်မားလာစေရေး ဝိုင်းဝန်း စွမ်းဆောင်လျက် ရှိပါကြောင်း………….
ဒေါ်မီမီဝင်း
ကျောင်းအုပ်ကြီး
ကျောက်ဖြူပညာရေးဒီဂရီကောလိပ်